How to Update Nexus S with Cyanogen Mod 10 Android 4.1 Jelly Bean Firmware
Android 4.1 Jelly Bean အတွက် နောက်ဆုံးပေါ် cyanogen mod 10 ကို Nexus S မှာ အသုံးပြုလို့ ရပါပြီ။ ဒီ custom firmware ကို တင်ဖို့ အတွက် Nexus S ဟာ root ဖြစ်နေဖို့ တော့လိုပါတယ်
Screenshots of CM 10 in Nexus S
- update လုပ်မည့် firmware............cyanogen mod 10
- Firmware ရဲ့ version- Android 4.1 Jelly Bean
- ပြုလုပ်နိုင်သည့် ဖုန်းအမျိုးအစား - Nexus S
- Update မလုပ်ခင် လိုအပ်မျက်- rooting access and custom recovery installed in Nexus S.
အခု လိုအပ်တာတွေကို စုဆောင်းလိုက်ရအောင်။
CM 10 Package လေးကိုဒီအောက်ကနေ ဒေါင်းလိုက်ပါ။
နောက်ထပ် အောက်က Google APPS Package လေးပါ။
အဆင့် (၂)
ဖုန်းအတွက် ကြိုတင်ပြင်ဆင်ရမယ့် အချက်လေးတွေပါ။
၁.အရင်ဦးစွာ Setting >About Phone ထဲမှာ မိမိဖုန်းနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို မှတ်သားရပါမယ်
၂.မိမိဖုန်းရဲ့ အချက်အလက်တွေကို အရင်ဆုံးကိုယ့်ရဲ့ ကွန်ပျုတာထဲမှာ back up လုပ်ထားရပါမယ်
၃.မိမိဖုန်းရဲ့  ဘတ်ထရီသက်တမ်းကို 75% အနည်းဆုံးရှိအောင် အားဖြည့်ထားရပါမယ်
၎.မိမိ ကွန်ပျူတာမှာ Samsung driver ကိုတင်ပေးထားရပါမယ်။ မရှိရင် ဒီအောက်ကလင့်မှာ ဒေါင်းနိုင်ပါတယ်။
http://uploaded.net/file/osebjcvi
၅.နောက်ထပ်မိမိ ရဲ့ကွန်ပျုတာမှာ အသုံးပြုထားသော ဗိုင်းရပ်စ် ကာကွယ်တဲ့ software ရှိနေရင် အဲဒါကို Disable ပေးထားရပါမယ်
၆.နောက်ဆုံးအနေနဲ့  မိမိ ဖုန်း မှာရှိတဲ့ sim card ကို ခဏဖယ်ထားရပါမယ်
အဆင့် (၃)
မိမိတို့ ရဲ့ ဖုန်းထဲက
Settings>>Applications>>Developments>> USB debugging
ထဲကိုဝင်လိုက်ပါ USB Debugging ကို ၀င်ပြီး ON လိုက်ပါ
အပေါ်ဆုံးက ဒေါင်းထားတဲ့ ဖိုင်နှစ်ဖိုင်ကို မိမိရဲ့ဖုန်း SD card ထဲကို ထည့်ထားလိုက်ပါ။
မိမိရဲ့ဖုန်းကို ပါဝါပိတ်လိုက်ပါ
ကဲအခုဆိုရင် မိမိရဲ့ ဖုန်းကို recovery mode ခေါ်လိုက်ရအောင်
Volume up ကိုဖိထားပါ
တစ်ပြိုင်တည်း Power Button ကို တစ်ချက်နှိပ်ထားလိုက်ပါ
ဖုန်း ဟာ Recovery Mode ကို ၀င်သွားချိန်မှာ
install zip from sd card ထဲက choose zip from sd card ကိုရွေးလိုက်ပါ
ထို့နောက် CM 10 custom ROM firmware package (Zip) ကိုရွေးပေးပါ။
ဖုန်းဟာ စတင်ပြီးတော့ Flashing ပြုလုပ်နေပါပြီ
ငါးမိနစ် ကနေ ခုနှစ်မိနစ် အကြာမှာ ဖုန်းဟာ Flashing ပြုလုပ်လို့ပြီးသွားပါပြီ
အခုဆိုရင် ပထမ တစ်ဖိုင်ဖြစ်တဲ့ custom rom ကို ရေးလို့ ပြီးသွားပါပြီ
Go back ကိုရွေးပါ
နောက်ထပ် zip ဖိုင်တစ်ဖိုင်ဖြစ်တဲ့ Google apps ကိုတင်ဖို့ရန် နောက်တစ်ကြိမ် recovery mode ကနေ ၀င်ပြီး ထပ်မံလို့ တစ်ဆင့်ချင်းပြန်လည်ရေးသားရပါမယ်
ဒုတိယ zip ဖိုင်ကို ရေးသားလို့အပြီးမှာတော့ Go back ကိုရွေးပြီး ဖုန်းကို Reboot ရွေးပေးလိုက်ပါ။
အခုဆိုရင် မိမိရဲ့ ဖုန်း Nexus S ဟာ Cyanogen Mod 10 Android 4.1 Jelly Bean Custom ROM Firmware ကိုရေးသားလို့ ပြီးသွားပါပြီ။

0 comments:
Post a Comment