Saturday, July 19, 2014

10341605_528582390602965_5603816997261703119_n
The Emperor of All Maladies ဆိုတဲ့ ကင်ဆာရောဂါနဲ့ ပတ်သက်တဲ့ စာအုပ်ကို ရေးသားခဲ့သူ အမေရိကန်လူမျိုး ဒေါက်တာ ဆစ်ဟာသာ မူခါဂျီဟာ ကင်ဆာရောဂါ ခံစားနေရတဲ့ လူနာတွေ သောက်သုံး တဲ့ သမရိုးကျ ဆေးဝါးများနဲ့ သိပ္ပံနည်းပညာအသစ်တို့အကြား သုတေသန ပြုကြည့်ရာကနေ အဖြေ ထုတ်နိုင်ခဲ့ပါတယ်။
မစ္စတာမူခါဂျီဟာ အင်ဒီယားနားပေါလစ်မြို့မှာရှိတဲ့ အင်ဒီယား နား ဆေး တက္ကသိုလ် ဆိုင်မွန်ကင်ဆာ စင်တာသို့ သွားရောက်ပြီး ကင်ဆာဆေး များ သောက်သုံးကာ စမ်းသပ်ကြည့်ပြီး မိမိခန္ဓာကိုယ်အတွင်း ဆေးကို ခံနိုင်ရည်မရှိနဲ့ ကင်ဆာရောဂါ ကိန်းအောင်းနေခြင်း ရှိမရှိတို့ကိုလည်း သုသေသနပြုချက်များ လုပ်ဆောင်ခဲ့ပါတယ်။
ကင်ဆာရောဂါ ရတဲ့လူနာတွေ အနေနဲ့ ဆေးရုံမှာ ဓာတုကုထုံးတွေနဲ့ ကုသခြင်းထက် အိမ်မှာ ဆေးသောက်ပြီး နေရတာက ပိုပြီး စိတ်သက်သာရ ရစေပါတယ်။ ဒီအတွက် ရရှိလာတဲ့ Side Affect တွေကလည်း အနည်း ငယ်လောက်ပဲ ရှိပါတယ်။ ဥပမာ- ဆံပင်ကျွတ်တာခြင်း၊ မောပန်းခြင်းနဲ့ မိုင် ၁၀၀ ၀န်းကျင်လောက်ကို မပြေးနိုင်တော့တဲ့ လက္ခဏာရပ်မျိုးတွေ ရှိလာပါ မယ်။ ဆေးရုံမှာ ကုသမယ်ဆိုရင်တော့ ပြင်းထန်တဲ့ကုထုံးတွေရဲ့ ဘေးထွက် ဆိုးကျိုးတွေ၊ အကျိုးဆက်တွေကို လူနာက ခံစားရပါသေးတယ်။ ဒါကြောင့် ကင်ဆာရောဂါ ခံစားရတဲ့ သူတွေက ပုံမှန်လူတွေထက် ပိုပြီး အိပ်စက်ဖို့နဲ့ အနားယူဖို့ လိုအပ်ပါတယ်။ ကင်ဆာ ကုထုံးကြောင့် ဖြစ်ပေါ်လာတဲ့နာကျင်တာ၊ စိုးရိမ် စိတ်များ တာ၊ စိတ်ဓာတ်ကျတာ၊ ညဘက်ချွေး ထွက်တာလိုမျိုး ဆိုးကျိုးတွေကြောင့် အိပ်စက်မှုအကျင့်ကိုလည်း ပြောင်း လဲစေ တတ်ပါတယ်။
ကင်ဆာဆိုသည်မှာ ချွတ်ယွင်းနေတဲ့ မျိုးဗီဇတွေနဲ့ ဆိုင်တဲ့ ရောဂါဖြစ်ပါတယ်။ ကင်ဆာရောဂါသည်များ အနက် ၁၀%မှာ ကင်ဆာ ဖြစ်စေနိုင်သည့် မျိုးဗီဇတွေကို ဆက်ခံထားသည့် သူတွေမှာဘဲ ဖြစ်ပေါ်ခြင်း ဖြစ်ပါတယ်။
ယနေ့ခေတ်ကာလမှာ ကင်ဆာရောဂါဟာ အလွန်အဖြစ် များပြီး ငွေကုန်ကြေးကျ များတဲ့ ရောဂါ ဖြစ်ပါတယ်။ ကင်ဆာရောဂါ ပျောက်ကင်းစေနိုင်တဲ့ တိုင်းရင်းဆေး၊ နိုင်ငံခြားဖြစ်ဆေး အမြောက်အများ ပေါ်ထွက်လျှက် ရှိပါတယ်။
မိမိနဲ့ ကိုက်ညီတဲ့ ဆေးဝါးတွေ သောက်သုံးပြီး မိမိရဲ့ စားသောက်မှု ပုံစံ၊ နေထိုင်မှုပုံစံတွေကိုပါ ဂရုတစိုက် ပြုမူ ဆောင်ရွက်သွားမယ်ဆိုရင် ကင်ဆာရောဂါကို ခံစားနေရတယ်ဆိုတဲ့ စိုးရိမ်စိတ်တွေ မရှိတော့ဘဲ အနာဂတ် ကင်ဆာလူနာတွေအတွက် ကင်ဆာရောဂါနဲ့ဘဲ ကိုယ့်ဘ၀ ကို ပျော်အောင် နေ ထိုင်သွား နိုင်တယ်လို့ ဆူဆန်ကူဘာရဲ့ ဆောင်းပါးကနေ တင်ဆက်ပေး လိုက်ရပါတယ်။

Credit to: MOI Webportal Myanmar

0 comments:

Post a Comment

Powered by Blogger.
Design by Blogger