Monday, June 30, 2014



Aperture ဆိုသည်မှာ

Aperture ဆိုသည်မှာ ‘the size of the opening in the lens when a picture is taken.’ ကိုခေါ်ဆိုခြင်းဖြစ်ပါသည်။

သင် camera ၏ shutter release button ကိုနှိပ်လိုက်ပါကသင်၇ိုက်ကူးလိုသော image ကို ဖမ်းယူမည့် အပေါက်ငယ်လေး တစ်ခု ပွင့်လာပါလိမ့်မည်။ ထိုအပေါက်လေး၏ size သည် aperture ပင်ဖြစ်ပါသည်။
အပေါက်လေး၏ size ကြီးလေ၊ light ပိုဝင်လေဟုသတ်မှတ်နိုင်ပါသည်။
Aperture ကို f ဆိုသောအမှတ်အသားဖြင့်ဖေါ်ပြလေ့၇ှိပါသည်။
ဥပမာ ... f/2.8, f/4, f/5.6,f/8,f/22
Aperture နံပါတ်နဲလေလေ light ပို၇နိုင်ပြီး၊ Aperture နံပါတ် များလေလေ light နဲနဲပဲ ရနိုင်သည်။
ထိုနေ၇ာတွင် f/2.8 ထက် f/22 က size ပိုကြီးသည် light ပိုမို၇နိုင်သည်ဟုမယူဆစေလိုပါ။
f/2.8 aperture သည် f/22 ထက်ပိုကျယ်သည်ဆိုတာကိုမမေ့သင့်ပါ။
ဓါတ်ပုံသမားလက်သစ်တော်တော်များများသည်၎င်းအချက်ကို ၇ှုတ်ထွေးနေတတ်ကြပါသည်။


Depth of Field ဆိုသည်မှာ


Depth of Field ( DOF ) ဆိုသည်မှာ "amount of your shot that will be in focus" focus ဖမ်းချင်သော အစိတ်အပိုင်းများကို ခေါ်ဆိုခြင်းဖြစ်ပါသည်။
Large depth of field ဆိုသည်မှာ သင်၏ camera မှသင် focus ဖမ်းခြင်သော ဝေးသည့်အစိတ်အပိုင်းကိုဖြစ်စေ၊ နီးသည့် အစိတ်အပိုင်းကိုဖြစ်စေ ၂ ခုလုံးအား၇အောင် focus ဖမ်းယူခြင်းကိုခေါ်ပါသည်။

Aperture ကစားခြင်းသည် depth of field ပေါ်တွင်အလွန်တ၇ာမှ အကျိုးသက်ေ၇ာက်မှု  ၇ှိလှပါသည်။
Aperture နံပါတ် နဲ ခြင်း သည် depth of field ကို ကျဆင်းစေပြီး၊
Aperture နံပါတ် များ ခြင်း သည် depth of field ကိုကျယ်ပြန့် စေပါသည်။
ထိုကြောင့် ...
Wider Aperture (Smaller Number) = small DOF
Narrower Aperture (Bigger Number) = large DOF ဟု ပုံသေနည်းချပြီး မှတ်သားထားနိုင်ပါသည်။

များသောအားဖြင့် landscape ပုံတွေတွင် ဓါတ်ပုံသမားများသည် Narrower Aperture (Bigger Number) ကိုေ၇ွးချယ် ၇ိုက်ကူးထားကြသည်ကို သင်တွေ့ မြင်နိုင်မည်ဖြစ်ပါသည်။
portrait ပုံများတွင်တော့ များသောအားဖြင့် Wider Aperture (Smaller Number) ထားပြီး၊
လိုချင်သော အဓိက subject ( main focal point ) ကို focus ဖမ်းခြင်းဖြင့် ( shallow depth of field ) background ပုံ၇ိပ်များ၏ နှောင့်ရှက်ခြင်းမှ ကင်းဝေးအောင်စွမ်းဆောင်ကြပါသည်။

Credit to: Myanmarlensman

0 comments:

Post a Comment

Powered by Blogger.
Design by Blogger