Monday, June 30, 2014



အလင်း (၂) မျိုး ( အခြေခံ ဓါတ်ပုံပညာ)

၁၈၃၉ ခုနှစ်မှာ သိပ္ပံပညာရှင် Sir John F.W. Herschel က Photography ဆိုတဲ့စကားလုံးကို စတင်တီထွင်သုံးစွဲခဲ့ပါတယ်။ Photography ဆိုတာက
ဂရိဘာသာစကား Photos(light=အလင်း) နဲ့ Graphein (to draw = ပုံရေးခြင်း) ဆိုတဲ့ စကားလုံးနှစ်လုံးကို ပေါင်းစပ်ပြီး သုံးစွဲခြင်းဖြစ်ပါတယ်။ အဲဒီတော့ ဓာတ်ပုံပညာ(Photography) ဆိုတာ အလင်းကို အသုံးပြုလို့ ပုံရေးဆွဲခြင်း ပါပဲ။ အဲဒါကို ဓာတ်ပုံရိုက်တယ်လို့ ခေါ်ပါတယ်။ အလင်းနဲ့ ပုံတွေ ရေးဆွဲတော့မယ်ဆိုရင် ပထမဆုံးလိုအပ်တာကတော့ 
အဲဒီတော့ ကျနော်တို့ အလင်းနဲ့ပုံဆွဲဖို့ ကင်မရာကတော့ လက်ထဲမှာ ရှိနေပြီဆိုကြပါစို့။ ဒါဆို အရင်ဆုံး ဘာကို သိထားသင့်သလဲ။ ဓာတ်ပုံပညာရပ်မှာ အဓိက က အလင်းပါပဲ။ ဘာလို့လဲဆိုတော့ အဲဒီအလင်းနဲ့ ကျနော်တို့က ပုံဆွဲရမှာလေ။ ဓာတ်ပုံပညာရပ်တွင် အလင်း ၂မျိုးရှိတယ်လို့ မှတ်သားဖူးပါတယ်။ Natural Light လို့ခေါ်တဲ့ သဘာဝအလင်းရောင်နဲ့ Artifical Light ဆိုတဲ့ ပြုပြင်ဖန်တီးထားသည့် အလင်းရောင်ဆိုပြီး ခွဲခြားထားပါတယ်။
  • သဘာဝအလင်းရောင်(Natural Light)
ကိုယ်ရိုက်လိုတဲ့ အနေအထားရအောင် နေရောင်ကို စောင့်ဆိုင်းပြီး ရိုက်ရတာမျိုးတွေရှိပါတယ်။ တခါတရံလိုအပ်ခဲ့ရင် Flash ကို သုံးရတာမျိုးလဲရှိတယ်။ တကယ်လို့ နေရဲ့အလင်းရောင်က အရမ်းပြင်းလွန်း၊ အလင်အား စူးရှလွန်းရင် Diffuser ကို အသုံးပြုသင့်ပါတယ်။ ကျရောက်နေတဲ့ အရိပ်က ကိုယ်လိုချင်တဲ့ အရာဝတ္ထုကို ဖုံးကွယ်နေတာမျိုးတို့ အရိပ်ကျလို့ မဲနေတာမျိုးဆိုရင်တော့ Reflectors တွေကို အသုံးပြုပြီး ကိုယ်လိုချင်တဲ့ အလင်းရောင်အနေအထားရအောင် ပြုပြင်ယူနိုင်ပါတယ်။ သဘာဝအလင်းရောင်ကို အားပြုပြီး ဓာတ်ပုံရိုက်မယ်ဆိုရင်တော့ အရုဏ်ဦးနဲ့ ညနေဆည်းဆာအချိန်တွေက အသင့်တော်ဆုံးပါပဲ။ အဲဒီအချိန်တွေကို Golden Hour လို့ခေါ်ပါတယ်။
  • ပြုပြင်ဖန်တီးထားသည့် အလင်းရောင် (Artificial Light)
ဒါကတော့ ရှင်းပါတယ် စတူဒီယိုထဲမှာရိုက်ကူးတဲ့အခါ ကိုယ်ရိုက်ချင်တဲ့ အရာဝတ္ထုကို ရုပ်လုံးကြွလာပြီး ထင်ရှားပြတ်သားစေဖို့ တမင်စီစဉ်ပြုပြင်ထားတဲ့ အလင်းရောင်တွေကို ဆိုလိုတာပါ။ အဲဒီအတွက် အသုံးပြုရတဲ့ ပစ္စည်းကိရိယာတွေကတော့ ကိုယ်သုံးချင်တဲ့အပေါ်မှာ မူတည်ပြီး အမျိုးမျိုးရှိနိုင်ပါတယ်။

Credit to: Myanmarlensman

0 comments:

Post a Comment

Powered by Blogger.
Design by Blogger