၁။ အလေးချိန် ကျစေခြင်း
အပြေး
လေ့ကျင့်တာဟာ အချိန် တစ်မိနစ်မှာ ကယ်လိုရီများစွာကို လောင်ကျွမ်းစေနိုင်ပါတယ်။
ခန္ဓာကိုယ်က အဆီများစွာ ကျစေဖို့ အကောင်းဆုံး လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်
တစ်ခုလုံးကို လှုပ်ရှားရုန်းကန် နေရတာကြောင့်လို့ ဆိုပါတယ်။
၂။ ရိုးဆစ် သန်မာစေခြင်း
ကြွက်သားနဲ့
ရိုးဆစ်တွေ ပျက်စီးဆုံးရှုံးမှုကို နှေးကွေးစေတဲ့ အာနိသင် ရစေပါတယ်။ ပန်းခြံ
ဒါမှမဟုတ် လမ်းသွယ်တွေထဲမှာ အမြဲ အပြေး လေ့ကျင့်ပေးတာဟာ ကြွက်သားနဲ့ အရိုးတွေကို
သန်မာစေပြီး အရိုးပါး ရောဂါကို ကာကွယ်နိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။
၃။ sex ကို ကောင်းစေခြင်း
Harvard
တက္ကသိုလ်မှ လေ့လာချက်အရ အပြေးလေ့ကျင့်တဲ့ အမျိုးသမီးတွေရော အမျိုးသားတွေမှာပါ
ရုပ်ပိုင်းဆိုင်ရာ တက်ကြွမှုတွေ အမြဲ ရှိနေတတ်ပြီး သွေးလည်ပတ်မှုလည်း
ကောင်းမွန်လာတယ်လို့ ဆိုပါတယ်။
၎။ သွေးဖိအားကို ကျစေခြင်း
အပြေး
လေ့ကျင့်ချိန်မှာ သင့်ခန္ဓာကိုယ် အနှံ့ကို ရောက်ရှိတဲ့ နှလုံးမှ သွေးလွှတ်ကြောတွေရဲ့
လုပ်ဆောင်ချက်က ပိုမို မြန်ဆန် ကောင်းမွန်နေတာကြောင့် ခန္ဓာကိုယ် တစ်ခုလုံးကိုလည်း
ကောင်းမွန်တဲ့ သက်ရောက်မှုတွေ ရရှိစေကာ သွေးပေါင်တက်သူတွေ အနေနဲ့ လေ့ကျင့်သင့်တဲ့
ပုံမှန် လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။
၅။ အဆုတ်ကို ကျန်းမာစေခြင်း
ပြေးနေတဲ့
အချိန်မှာ သာမန်ထက် ပိုပြီး အားစိုက်ကာ အသက်ရှူရတာကြောင့် အဆုတ်ကို
ပုံမှန်ထက်ပိုပြီး ၅၀ ရာခိုင်နှုန်းလောက် အသုံးပြုရလို့ အဆုတ်ရဲ့ လုပ်ဆောင်ချက်
ပိုပြီး ကောင်းမွန်စေပါတယ်။ ဆေးလိပ်သောက်တတ်သူတွေ လေ့ကျင့်သင့်တဲ့ အားကစားပဲ
ဖြစ်ပါတယ်။
၆။ မှတ်ဉာဏ်ကောင်းစေခြင်း
ပုံမှန်
အပြေးလေ့ကျင့်ခန်း လုပ်သူတွေဟာ သာမန် မလုပ်သူတွေထက် ရုပ်ပိုင်းရော၊
စိတ်ပိုင်းဆိုင်ရာပါ နုပျိုကြပြီး မှတ်ဉာဏ်လည်း ပိုကောင်းတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တစ်နေ့ကို အေရိုးဗစ် လေ့ကျင့်ခန်း ၂၅ မိနစ်လောက် ပြုလုပ်ရင်လည်း
ပြေးတာလိုပဲ အကျိုး ရှိစေပါတယ်။ နေ့စဉ် ပျော်ရွှင်ရတဲ့ ဘဝနေထိုင်မှု ပုံစံကြောင့်
စိတ်ကျရောဂါ လုံးဝ မဖြစ်နိုင်တော့တဲ့အထိ အကျိုးရှိစေပါတယ်။
၈။ သွေးလည်ပတ်မှု ကောင်းစေခြင်း
သင့်နှလုံးနဲ့
အဆုတ်ရဲ့ လုပ်ငန်းဆောင်တာတွေ အတွက် အပြေးလေ့ကျင့်တာဟာ အကောင်းဆုံး ထောက်ပံ့ပေးတဲ့
အားကစားပဲ ဖြစ်တာကြောင့် ပုံမှန် သွေးလည်ပတ်မှု ရှိစေကာ ခန္ဓာကိုယ်ကို
ကျန်းမာနေစေပါတယ်။
၉။ ကိုလက်စထရော ကျစေခြင်း
ခန္ဓာကိုယ်ထဲက
မကောင်းတဲ့ ကိုလက်စထရော ဖြစ်တဲ့ LDL ကိုလက်စထရောကို လျော့ကျစေတာကြောင့်
နှလုံးရောဂါနဲ့ ရုတ်တရက် နှလုံး တိုက်ခိုက်ခံရမှုကို ကာကွယ်ပေးနိုင်ပါတယ်။
၁၀။ အပေါင်းအသင်း တိုးစေခြင်း
သင့်လိုပဲ
ကျန်းမာရေး လိုက်စားတဲ့ မိတ်ဆွေတွေနဲ့ တွေ့ဆုံနိုင်ပြီး ပိုမို ကောင်းမွန်တဲ့
ကျန်းမာရေး အသိပညာတွေ ရရှိစေကာ မိတ်ဆွေ အပေါင်းအသင်းလည်း တိုးစေပါတယ်။
Note
- အပြေး လေ့ကျင့်ခန်းကို အပြင်ပတ်ဝန်းကျင်နဲ့ ပြေးစက်ပေါ်မှာလည်း
လေ့ကျင့်နိုင်ပါတယ်။ အပြေးလေ့ကျင့်မှုကို နှလုံးရောဂါနဲ့ တခြား ကျန်းမာရေး ပြဿနာတွေ
ရှိရင် ဆရာဝန်နဲ့ အရင် တိုင်ပင်သင့်ပါတယ်။ အပြေး လေ့ကျင့်ရင်း သင့်ခန္ဓာကိုယ်မှ
ခံစားမှု တစ်စုံတစ်ရာ ရှိရင် လေ့ကျင့်မှုကို ရပ်ပြီး ဆရာဝန်နဲ့ တိုင်ပင်ပါ။
Credit to: သဲသဲ
0 comments:
Post a Comment